ပုံပါကျင်မြို့ အ-ထ-က ကျောင်း၌ အသက် ၁၂ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ (၁၆၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac) ပထမအကြိမ် စတင်ထိုးနှံ

ပုံပါကျင်       အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း၌ အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူ(၁၆၂)ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Sinovac)ကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က ပထမအကြိမ် စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်မာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသော စည်းမျဉ်း၊ စည်းကမ်းများနှင့် ကိုက်ညီသည့် အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၆၂)ဦးအား ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်း ဝန်းစုရပ်၌ ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေးထိုးနှံပေးရာသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းအောင်ဆမ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး ဆေးလာရောက်ထိုးနှံသူ ကျောင်းသူ၊ ကျောင်းသားများအား အဆင်ပြေစေရေး ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပုံပါကျင်မြို့အနေဖြင့် ဆေးထိုးရန်ကျန်ရှိနေသည့် ကျောင်းများကိုလည်း သတ်မှတ်ထားသည့် စုရပ်များတွင် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။

သန္တာ(ပြန်/ဆက်)