တောင်ကုတ် အောက်တိုဘာ ၁၉
မင်္ဂလာပါ ဆရာ မင်္ဂလာပါ
မေး။ ဆရာအမည်နှင့် တာဝန်ထမ်းဆောင်နေတဲ့ရာ ထူးတာဝန်လေးကိုသိပါရစေ။
ဖြေ။ ကျနော် နာမည် ဦးကျော်ထွန်းအောင် တောင်ကုတ်မြို့နယ် ပညာရေးမှူးဖြစ်ပါတယ်။
မေး။ ဆရာတို့ရဲ့ အခြေခံပညာ အထက်တန်း၊ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်အစီအစဉ်နှင့် အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား/ကျောင်း သူတွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးဖို့ စီစဉ်နေတယ်လို့ သိရတဲ့အတွက် ကာကွယ်ဆေး ထိုးနှံဖို့ ကြိုတင်ဆောင်ရွက်နေတဲ့ အစီအစဉ် လေးတွေကို သိပါရစေဆရာ။
ဖြေ။ တောင်ကုတ်မြို့နယ်အတွင်းရှိ အခြေခံပညာထက်/ လယ်/မူလွန် ကျောင်းများရှိ အသက် ၁၂ နှစ်ပြည့်ပြီး ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံရန် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဖွဲ့စည်းကာ ကျောင်းသား၊ ကျောင်သူများသွားရေး လွယ်ကူတဲ့ ကာကွယ်ဆေး ထိုးစုရပ်နယ်မြေခွဲဝေ သတ်မှတ်ကာသက်ဆိုင် ရာကျောင်းအလိုက် စာရင်းကောက်ခံပြီး ကျောင်းအုပ်ကြီးများမှ စုစည်းကာ သတ်မှတ်ရက်တွေမှာ လာရောက် ထိုးနှံ နိုင်ရေး ကြိုတင်ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။
မေး။ ဆရာကြီးတို့ အခြေခံပညာ အထက၊ အလကမူလွန်ကျောင်းမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံဖို အကျုံးဝင်တဲ့ကျောင်းသား၊ ကျောင်သူ ဘယ်နှစ်ဦးရှိပါသလဲ။
ဖြေ။ ကျနော်တို့ မြို့နယ်မှာ အထက၊ အထက(ခွဲ)အလက၊ အလက(ခွဲ)၊ မူလွန်ကျောင်း စုစုပေါင်း (၉၀)နှင့် ကိုယ်ပိုင်ကျောင်း (၃)ကျောင်းတို့မှ ကျောင်းသား၊ ကျောင်သူစုစုပေါင်း (၁၂၁၅၂)ဦးကို ကာကွယ်ဆေး ထိုးနှံဖို့ စီစဉ်ထားပါတယ်။
မေး။ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံဖို့ ဆေးထိုးမဲ့စုရပ်တွေ သတ်မှတ်ထားပြီလား။
ဖြေ။ ကာကွယ်ဆေးထိုးနှံမည့် စုရပ်နေရာ (၁၅)နေရာ သတ်မှတ်ထားပါတယ်။
မေး။ ကာကွယ်ဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေကို သတ်မှတ်နေရာတွေမှာ လာရောက်ထိုးနှံဖို့ အသိပေးမှုတွေကို ဘယ်လိုဆောင်ရွက်ထားပါသလဲ။
ဖြေ။ ကနဦးဆေးထိုးနှံဖို့ အကျုံးဝင်တဲ့ကျောင်းသား၊ ကျောင်းသူများကို သတ်မှတ်ရက်အမှီ ဆေးထိုးနိုင်ရန် အသိပေးခြင်း၊ သက်ဆိုင်ရာကျောင်းစုရပ် နယ်မြေသွားလာရေးခွဲဝေပေးခြင်း၊ စာရင်း ဇယားများကြိုတင် စုဆောင်းခြင်းများ ဆောင်ရွက်ထားပါတယ်။
မေး။ မကြာခင်မှာ အခြေခံပညာကျောင်းတွေပြန် လည်ဖွင့်လှစ်ဖို့ရှိကြောင်း သိရတဲ့အတွက် ကျောင်းတွေ ပြန်ဖွင့်ဖို့ ဆောင်ရွက်ထားမှု အခြေအနေကို လည်းသိပါရစေ။
ဖြေ။ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်တဲ့အခါ အဆင်သင့်ဖြစ်စေဖို့ လက်ဆေးဘေစင် လက်သန့်ဆေး၊ ဆပ်ပြာ၊ ရေ၊ ဆီးသွားခန်း၊ အိမ်သာများ သန့်ရှင်းရေး၊ ကျောင်းနှင့် ဝန်းကျင် သန့်ရှင်းရေး ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ တစ်ဦးနှင့် တစ်ဦး(၄) ပေကွာ သင်ကြားနိုင်ရေး အခန်းနေချထားမှုကိုလည်း စီစဉ်ထားပါတယ်။ ကျောင်းသား၊ ကျောင်းသူနှင့် ဆရာ ဆရာမ နှာခေါင်းစည်း Mask၊ Face Shield တို့ကို မဖြစ်မနေတပ်ဆင်ရန်ကိုလည်း ညွှန်ကြား ထားပါတယ်။
မေး။ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကာကွယ်ဆေး ထိုးနှံရာမှာ အ ဆင်ပြေပြေ ဆောင်ရွက်နိုင်ဖို့ ပူးပေါင်းဆောင်ရွက်နေတဲ့ ဌာနအဖွဲ့အစည်းတွေကိုလည်း သိပါရစေ။
ဖြေ။ ကာကွယ်ဆေး ထိုးနှံရာမှာ အဆင်ပြေဆောင် ရွက်နိုင်ဖို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ မီးသတ်၊ ကြက်ခြေနီ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ နယ်မြေရှိ ကျောင်အုပ်ကြီးနှင့် ဆရာ၊ ဆရာမများက ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မေး။ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံနိုင်မှုအပေါ် ဆရာ့ရဲ့ ပီတိစကားလေးကိုလဲ သိချင်ပါတယ်။
ဖြေ။ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင် တဲ့အတွက် ရောဂါ အန္တရာယ်ကင်းရှင်းစွာဖြင့် အတန်းပညာကို ဆက်လက်သင်ကြားနိုင်ပြီး ပညာသင် ယူခွင့် အလမ်းများ ရရှိလာမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ပြီး ကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက အေးချမ်းစွာ ပညာသင်ကြားနိုင်မှာ ဖြစ်တဲ့အတွက် မိဘများကိုယ်စား ဝမ်းသာ ပီတိဖြစ်မိပါတယ်။
မေး။ အခြားဖြည့်စွက်ပြောကြားလိုတာ ရှိရင်ပြောကြားပေးပါ။
နိုင်ငံတော်က ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးပေးခြင်းဖြင့် နိုင်ငံတော် အစိုးရအပေါ် အထူးကျေးဇူးတင်ဝမ်းမြောက်မိပါကြောင်း အနာဂတ်ခေါင်းဆောင်များ ဖြစ်လာမည့် အညွတ်တလူလူတက်နေသော ပန်းပွင့်များကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကို မြေ တောင်မြှောက်ပေးမှုဖြင့် လူတော်လူကောင်း ကလေးများ ပြုစုပျိုးထောင်ပေးရာ ရောက်ကြောင်း ဖြေကြားလိုပါတယ်။
စန်းဝင်း