ရွာသစ်မြို့တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများအား ကွင်းဆင်းဆောင်ရွက်ပေး

ရွာသစ် အောက်တိုဘာ ၁၉

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက် ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုစာရင်းများအား ကွင်းဆင်း‌ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြောက်ပိုင်းရပ်ကွက်နှင့် ဝမ်ဗလကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြောက်ပိုင်းရပ်ကွက်နှင့် ဝမ်ဗလကျေးရွာရှိ အိမ်ထောင်စုစာရင်း မရှိသူများ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား များအား အချိန်တိုအတွင်း အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားကတ် ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘောလခဲမြို့နယ် မြို့နယ်ဦးစီးမှူး ရုံးမှ ဦးစီးအရာရှိ ဦး‌စောငြိမ်း‌သောင်းနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်(၆)ခု၊ လဲလှယ်(၄)ခု၊ မိတ္တူ(၁၁)ခု၊ မွေးတိုး(၆)ဦး၊ သေဆုံး(၃)ဦး စုစုပေါင်း(၃၀)ဦးအား ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရ သည်။

နန်းဆွေဆွေအေး