ရှေးဟောင်း သမိုင်းဝင်မဟာရာဇာ မုနိအောင်တော်မူ စေတီတော်မြတ်ကြီးအသစ် ပြန်လည်မွန်းမံ ပြုပြင်နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေး

ငပုတော ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အရှေ့ပိုင်းရပ်ကွက်၊ ဥယျာဉ်ကုန်းရွာ တွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်၊ အလှူရှင်များနှင့် မြို့သူ၊ မြို့သားများမှ အသစ်ပြန်လည် တည်ထားကိုးကွယ်တော် မူသောရှေးဟောင်းသမိုင်းဝင် မဟာရာမဟာရာဇာ မုနိအောင်တော်မူ စေတီတော်မြတ်ကြီးအသစ် ပြန်လည်မွန်းမံ ပြုပြင်နေမှုအား ယနေ့နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်သူ၊ အဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့သည်။

ထို့သို့ ကြည့်ရှု့စစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စေတီတော်မြတ်ကြီးအား အများပြည်သူများ ကြည်ညိုသပ္ပာယ်စွာ ဖူးမျှော်ကြည်ညိုနိုင်ရေးအတွက် မြန်မာမှုအနုပညာလက်ရာများ အသေးစိတ်ထည့်သွင်းဆောင်ရွက်နိုင်ရေး၊‌ရင်ပြင်တော် ပတ်လည်တွင် အရိပ်ရအပင်များနှင့် ပန်းအလှပင်များ ထည့်သွင်းစိုက်ပျိုးနိုင်ရေးနှင့် အရံစေတီတော်များ၊ ဂြိုလ်တိုင်များ တည်ဆောက်ထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများထံမှာကြားခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)