‌မော်လမြိုင်မြို့နယ်၌ အရန်မီးသတ် တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ) သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲ ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၁၆

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်း ဖွင့်ပွဲ အခမ်းအနားကို မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယနေ့နံနက်ပိုင်း ကကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၄) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်က သင်တန်းဖွင့်အမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ကိုနိုင်ငံတော်အတွင်းရှိ တိုင်းရင်းသားလုပ်သားပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ် ပစ္စည်းများ၊နိုင်ငံပိုင်ပုဂ္ဂလိက ပိုင်အဆောက်အဦများ၊ ကုန်ထုတ်အရင်းအနှီးများအား မီးဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရန်၊ သဘာဝဘေးအလျှောက် ဖြစ်ပွားတတ်သောဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်၊ နိုင်ငံတော်အရန်အင်အားအဖြစ် လေ့ကျင့်ဖွဲ့စည်းတည်ဆောက်ရန်ဆိုတဲ့ မွန်မြတ်တဲ့ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားတာဖြစ်ကြောင်း အရန်မီးသတ်တပ်ဖွဲ့ ဝင်ရဲဘော်တို့ ဟာလူမှုရေးလုပ်ငန်းများကို ပြည်သူလူထုအတွင်း လက်တွေ့ဆောင်ရွက်နေသူများဖြစ်သည်နှင့်အညီ တပ်ဖွဲ့အသွင်ဖြင့် ဖွဲ့စည်းထားရှိပြီး စည်းကမ်းလိုက်နာတတ်မှု အမိန့်နာခံတတ်မှုစတဲ့အလေ့ အကျင်ကောင်းတွေနဲ့အတူ လူထုအသိုင်းအဝန်းတစ်ခုလုံးရဲ့အကျိုးကို ရှေးရှုဆောင်ရွက်တတ်တဲ့ အရည်အသွေးကောင်းများပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံမှာ နှစ်စဉ်ကြုံတွေ့နေရသည့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးအနက် မီးဘေးအန္တရာယ်ဟာ အများဆုံးဖြစ်ပြီး၊ မီးသတ်လုပ်ငန်းတွေဟာ တစ်ဦးချင်းဆောင်ရွက်ရတဲ့ လုပ်ငန်းမျိုးမဟုတ်ဘဲ အစုလိုက်အဖွဲ့လိုက် အားကြိုးမာန်တက်ဆောင်ရွက်ရတဲ့ လုပ်ငန်းများဖြစ်ကြောင်းနှင့်သင်တန်းသားအနေနဲ့ ယခုသင်တန်းပြီးဆုံးသွားတဲ့အခါ မိမိတို့သင်ကြားထားသည်များကို လက်တွေ့နယ်ပယ်တွင် ပြန်လည်အသုံးပြု‌ကြရန် ပြောကြားခဲ့သည်။

ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းသားများအား တူညီဝတ်စုံများကို တာဝန်ရှိသူများကပေးအပ်ခဲ့ပြီး အရန်မီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦး အားလေ့ကျင့်ရေး (မွမ်းမံ) သင်တန်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၁၆) ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၀) ရက်နေ့ထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ခင်စန်းမြင့် (ပြန်/ဆက်)