မြင်းမူ ဒီဇင်ဘာ ၉
ယနေ့ခေတ်လူငယ်များ စာအုပ်စာပေများ ဖတ်ရှုလေ့လာခြင်းဖြင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေရန်အတွက် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက မြင်းမူမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ဆက်ဦးစီးဌာန ဦးစီးအရာရှိ(တာဝန်ပေး) ဦးနေလင်းအောင်က Talk Show ဆွေးနွေပွဲ ကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြင်းမူမြို့၊ အမှတ်(၂)အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်မာကြည်မှ လူငယ်၊ လူရွယ်များ မိုဘိုင်းဖုန်း သုံးစွဲမှုကိုလျော့ချ၍ စာအုပ်၊စာပေကို အရှိန်မြှင့်ဖတ်ရှုလာစေရေး အကြောင်းအရာများနှင့် ပတ်သက်၍ အသိပညာပေး ဆွေးနွေး ပေးခဲ့ကြောင်း သိရသည်။
မြင်းမူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံ ပြည်သူ့စာကြည့်တိုက်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စာဖတ်ဝိုင်းများ၊ ပုံပြောပြိုင်ပွဲများ၊ Talk Show ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)