သရက် ဒီဇင်ဘာ ၉
မကွေးတိုင်းဒေသကြီး သရက်ခရိုင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု ပြန်လည် စိစစ်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှု ပြန်လည် စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးတင်မျိုးလတ် က ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအနေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းများနှင့် ဆောင်ရွက်သွားရမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ ကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှုများအား တင်ပြဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ခရိုင်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှု ပြန်လည်စိစစ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုပြန်လည်စိစစ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၏ တင်ပြဆွေးနွေးမှုများအပေါ် ကော်မတီ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇော်ဝမ်းထွန်း (အောင်လံ)