ဝါးခယ်မ ဒီဇင်ဘာ ၉
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊ဝါးခယ်မမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့မွန်းလွဲ(၂:၀၀) နာရီကဝါးခယ်မမြို့နယ် သမဝါယမ ဦးစီးဌာနရုံး၌ သွားရောက်ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့စာအုပ်စာစောင်များငှားရမ်းပေးရာတွင်စာကြည့်တိုက်သို့မလာရောက်နိုင်သောစာဖတ်ဝါသနာပါသူဝန်ထမ်းများအဆင်ပြေစွာစာအုပ်များငှားရမ်းဖတ်ရှုနိုင်ရန်နှင့်အသိပညာတိုးပွားနိုင်ရေးအတွက်ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများကဌာနဆိုင်ရာရုံးများတွင်သုတ၊ ရသ စာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်း၊ ရုပ်ပြစာအုပ်များကို (အခမဲ့) ငှားရမ်းပေးခဲ့ကြောင်းသိရသည်။
အဆိုပါစာအုပ်စာစောင်များကို Mobile Library စနစ်ဖြင့်အပတ်စဉ်ငှားရမ်းပေးသွားမည်ဖြစ်ပြီး စာကြည့်တိုက် အသင်းဝင်ကတ်ပြားများကိုလည်းအခမဲ့ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စောသန္တာဦး