ကြံခင်းမြို့နယ် စေတနာ့ဝန်ထမ်းကြက်ခြေနီ Volunteer RCV များက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးစုရပ်တွင် ပူးပေါင်းဆောင်ရွက်

ကြံခင်း  ဒီဇင်ဘာ ၉

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ်စေတနာ့ ဝန်ထမ်းကြက်ခြေနီတပ်စုမှုးနှင့် တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းကကြံခင်းမြို့နယ် ဆိပ်သာကျေးရွာအုပ်စု ရွှေကြာရံဘုရားတန်ဆောင်းဆေးထိုးစုရပ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ် ဆေးထိုး နှံရာတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ ဆေးထိုးစုရပ်တွင် မြို့နယ်စေတနာ့ဝန်ထမ်းကြက်ခြေနီတပ်စုမှုး ဦးကျော်ကျော်အောင်နှင့် တပ်ဖွဲ့ဝင်များက ဆိပ်သာကျေးရွာ အုပ်စု နေပြည်သူများအားကာကွယ်ဆေးစနစ်တကျ ထိုးနှံပေးနိုင်ရေး စာရင်းရေးသွင်းပေးခြင်း၊ မြို့နယ် ကျန်းမာရေး ဌာနဝန်ထမ်းများနှင့် အတူကာကွယ်ဆေးထိုးနှံပေးခြင်း၊ ၊ကာကွယ်ဆေးထိုးနှံပြီးပါက ဓာတ်မတည့်ခြင်း လက္ခဏာများ ဖြစ်ပေါ်လျှင်အချိန်မှီကုသပေးနိုင်ရေးတွင်ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယနေ့ဆေးထိုးစုရပ်ဖြစ်သော ကြံခင်းမြို့နယ်ဆိပ်သာကျေးရွာအုပ်စုနေပြည်သူ(၄၄၀)ဦးအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမ)အကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ရာ၊ ယခုကာကွယ်ဆေးထိုးနှံပြီးသူများအား (၂၈)ရက်ပြည့်ပါက (ဒုတိယ)အကြိမ် ကာကွယ်ဆေး ထိုးနှံပေးချိန်တွင် မြို့နယ်ကျန်းမာရေးဌာနနှင့်အတူ မြို့နယ်စေတနာ့ ဝန်ထမ်းကြက်ခြေနီ Volunteer RCV များက ယခုလိုပဲပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြက်ခြေနီတပ်စုမှုးက ပြောပါသည်။

မိုးမိုး(ပြန်/ဆက်)