ဇမ္ဗူသီရိ ဒီဇင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့မွန်းလွဲ (၂) နာရီက အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာ လှုပ်ရှားမှု အထိမ်းအမှတ်အဖြစ် “အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်နီလာစိုးက “အိမ်တွင်းအကြမ်းဖက်မှု ကာကွယ်ရေး အသိပညာပေး” Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးပြီး စာရေးဆရာမ သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်)က ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှင့် အကြမ်းဖက်မှုအမျိုးအစားများအကြောင်း၊ လူတို့၏ ဘဝကိုထိခိုက်နစ်နာစေနိုင်သည့် အကြောင်းအရာမှန်သမျှကို အကြမ်းဖက်မှုဟု ခေါ်ဆိုနိုင်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှု ခံရဆုံးမှာ အမျိုးသမီးအများစုဖြစ်ကြောင်း၊ မိသားစုအတွင်းရှိ ကလေးငယ်များ၊ မသန်စွမ်းကလေးငယ်များ၊ မှီခိုသူသက်ကြီးရွယ်အိုများနှင့် လိင်စိတ်ခံယူမှု ကွဲပြားသည့် ကလေးငယ်များမှာ အိမ်တွင်းအကြမ်းဖက်မှု ခံရသူများ ဖြစ်ကြောင်း၊ အိမ်တွင်းအကြမ်းဖက်မှုကြောင့် မိသားစုအပေါ် သက်ရောက်နိုင်သည့် ဆိုးကျိုးများ စသည့် အကြောင်းအရာများအား ပြည်သူများ အသိပညာ ဗဟုသုတ ရရှိစေရန်အလို့ငှာ အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)