ပေါင်းတည်မြို့၌ အိုမီခရွန်(Omicron) ကိုဗစ်-၁၉မျိုးဗီဇပြောင်း ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပညာပေး ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၌ အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနဦးစီးမှူးနှင့် ဝန်ထမ်းများက စျေး(၂)ရပ်ကွက်အတွင်း လိုက်လံအသိပညာပေး​ နှိုးဆော် ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးနိုးဆော်ရာတွင် လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှုအများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့် အတွက် မြို့နယ်အတွင်း ဗီဇပြောင်းအိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မိဘပြည်သူများအနေဖြင့် အရေးအကြီးဆုံးက အတတ် နိုငိဆုံး မဖြစ်မနေအိမ်တွင်း၌ နေထိုင်ကြရန်၊သို့မှသာ ရောဂါကွင်းဆက်ပြတ်ပြီး ကူးစက်မှုကို ထိထိရောက်ရောက် ကာကွယ်နိုင်မှာဖြစ် ကြောင်း၊မိမိတို့အိမ်တွင် ပြင်ပမှလာသောဧည့်သည်များ လက်မခံရန်နှင့် မိမိတို့ကလည်း အခြားသူများထံ သွားရောက်ခြင်း မပြုကြရန်၊မဖြစ်မနေသွားလာရပါက ပါးစပ်နှင့်နှာခေါင်းစည်း Maskကို စနစ်တကျတပ်ဆင်ပါ။ Maskမတပ်သူများနှင့် တွေ့ဆုံခြင်း၊စကားပြောခြင်း၊ စျေးဝယ်ခြင်းမှ ရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်း၊ သွားလာခြင်းကို ရှောင်ကြဉ်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင်ရန်၊ ပြူတင်းတံခါးများဖွင့်ပြီး လေဝင်လေထွက်ကောင်းအောင်လုပ်ရန်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်း များကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် စသည့်အချက်များကို အသိပေးနိုးဆော်ခဲ့ကြောင်းသိရသည်။

အေးအေးဆင့်