ချောင်းဆုံမြို့နယ်၌ မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေး ဆွေးနွေး

ချောင်းဆုံ ဒီဇင်ဘာ ၁၆

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ရာသီဥတုပြောင်းလဲမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များနှင့် မီးခိုးမြူငွေ့ လျှော့ချနိုင်ရေးအတွက် မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဆွေးနွေးခြင်းကို ယနေ့နံနက်(၁၁)နာရီက မြိုနယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ရာ မြို့နယ်အဆင့်ဌာဆိုင်ရာတာဝန်ရှိသူများ၊ မြို့ပေါ်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးဆွေးနွေးပွဲကို မွန်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်သူရလှိုင်နှင့် မော်လမြိုင်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ခရိုင်မှူး ဦးမင်းနိုင်ဦးတို့မှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းနိုင်ရေးအတွက် မီးခိုးမြူငွေ့လျှော့ချရေး၊ ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များလျှော့ချနိုင်ရေး၊ သဘာဝဘေးအန္တရာယ်လျှော့ချရေးဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေး သိကောင်းစရာများ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသူများမှ သိရှိလိုသည်များကို ပြန်လည်ဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ကိုကျော်(ချောင်းဆုံ)