ပေါက်ခေါင်း ဒီဇင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အများပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူ လူငယ်များ သုံးစွဲရန်မသင့်သော ဆေးလိပ်အစားထိုး အီး - စီးကရက် (Vape) ရောင်းချခြင်း ရှိ/ မရှိနှင့် အသိပညာပေးခြင်းများ စစ်ဆေးခြင်းကို ယနေ့နံနက် (၉) နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်မှ တာဝန်ရှိသူများ၊ ဆေးဝါးကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များက မြို့ပေါ်ရှိ ဈေးဆိုင်၊ စတိုးဆိုင်၊ ကုန်စုံဆိုင်နှင့် ယမကာဆိုင်များတွင် မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်၌ ရောင်းချလျက်ရှိသည့် ဆေးလိပ်အစားထိုး အီး - စီးကရက် Vape၊ Heated Tobacco Product- HTP၊ Vape Pens၊ Mods၊ Pods၊ e-Cigarettes၊ e-Pipes၊ e- Cigars များနှင့် ယင်းတို့နှင့် ဆက်စပ်အသုံးပြုသောပစ္စည်းများ သုံးစွဲခြင်းနှင့် ရောင်းချခြင်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး သုံးစွဲပါက ဖြစ်ပွားနိုင်သော ကျန်းမာရေးဆိုးကျိုးများအကြောင်း အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)