ဘိုကလေးမြို့နယ်အတွင်းမှ အင်းချောင်းများအတွင်း ငါးမျိုးစိုက်ထည့်ရန် ငါးသားပေါက်များပေးအပ်

ဘိုကလေး ဒီဇင်ဘာ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနရုံးတွင် ယနေ့နံနက်(၈)နာရီခွဲအချိန်၌ မြို့နယ်တွင်းရှိ အင်းချောင်းများအတွင်း၊ ငါးမျိုးစိုက်ထည့်နိုင်နိုင်ရန် ငါးသားပေါက်များ‌အား အင်းသားကြီးများထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

ငါးသားပေါက်များ လွှဲပြောင်းပေးအပ်ရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ဦးစီးမှူးဦးအောင်အောင်ဆွေနှင့်ဝန်ထမ်းများ၊ အင်းသားကြီးများတက်ရောက်ကြပြီး အခမ်းအနားတက်ရောက်လာကြသည့် ဌာနဆိုင်ရာများက ငါးလုပ်ငန်းဦးစီးမှူးနှင့်အတူ အင်းသားကြီးများအား (၂)လက်မအရွယ် ငါးခုံးမနှင့် ငါးမြစ်ချင်း သားပေါက်ကောင်ရေ (၈)သိန်းခွဲအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)