ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ရုံးတွင်၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ် သင်တန်းဖွင့်လှစ်
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲချိန် အဆိုပါဌာနယာဉ်မောင်း စစ်ဆေးရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။