ရွှေဘို ဇွန် ၂၁
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရုံးဝန်ထမ်းများအတွက် ပြည်သူ့ဆက်ဆံရေးဘာသာရပ်သင်တန်း (၁/၂၀၂၂)ဖွင့်ပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲချိန် အဆိုပါဌာနယာဉ်မောင်း စစ်ဆေးရေးသင်တန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်သိင်္ဂီထွဋ်က ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာ၌ ဌာနနှင့်ပြည်သူလူထုအကြား နှစ်ဦးနှစ်ဖက်နားလည်မှုတစ်ရပ် ဖြစ်ထွန်းနေစေရန်နှင့် ပြည်သူလူထုအား ထိရောက်သော ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသင်တန်းတွင်၊ သင်တန်းနည်းပြ ဆရာ/ဆရာမ ၃ ဦးတို့က၊ ပြည်သူ့ဆက်ဆံရေးဘာသာရပ်၊ ပြည်သူ့ဆက်ဆံရေးအခြေခံဝန်ဆောင်မှုပေးခြင်း၊ ကောင်းမွန်သောဝန်ဆောင်မှုပေးခြင်းနှင့် သုံးသပ်ဆောင်ရွက်ရမည့် အခြေအနေအရပ်ရပ်၊ လူအများနှင့်ညှိနှိုင်းဆက်ဆံခြင်းဖြင့် ဝန်ဆောင်မှုပေးခြင်း၊ မေတ္တာအပြုံးနှင့်ကရုဏာနှလုံးသား၊ ရုံးဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြည်သူ့ဆံရေးကဏ္ဍစသည့် ဘာသာရပ်များ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂၀.၆.၂၀၂၂ မှ ၂၄.၆.၂၀၂၂) ရက်နေ့ထိ ဖြစ်ကြောင်းသိရသည်။
ခရိုင်ပြန်/ဆက်