ရှမ်းရွာသစ် ဇွန် ၂၁
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့်မြို့ဖြစ်ပြီး အဆိုပါလုပ်ငန်းနှင့်တွဲဖက်ကာ မိမိတို့၏အိမ်ခြံဝင်းတွင် တစ်ပိုင်တစ်နိုင် ကြက်ဆင်မွေးမြူရေးလုပ်ငန်းဖြင့် စားဝတ်နေရေးအဆင်ပြေပြီး မိသားစုအပိုဝင်ငွေရရှိကြောင်း သိရသည်။
ကြက်ဆင်အထီးများမှာ ဦးခေါင်းတွင်ထင်ရှား၍ အရေပြားအဖုများပါရှိပြီး အမများထက် အရွယ်အ စားပိုမိုကြီးမားကာ အရောင်အသွေးတောက်ပကြောင်း၊ အရွယ်ရောက်ပြီး ကြက်ဆင်အထီး တစ်ကောင်သည် ပျမ်းမျှအလေးချိန် (၅) ကီလိုဂရမ်မှ (၁၁) ကီလိုဂရမ်အထိ အလေးချိန်ရှိပြီး ကြက်ဆင်အမတစ်ကောင်သည် ပျမ်းမျှအလေးချိန် (၂.၅) ကီလိုဂရမ်မှ (၅.၄) ကီလိုဂရမ်အထိ ရှိကြောင်း၊ ကြက်ဆင်ဥများသည် ပျမ်းမျှအလျား (၂) လက်မမှ (၂.၇) လက်မအရှည်ရှိပြီး အလေးချိန် အားဖြင့် (၁၀၀) ဂရမ်အထိရှိကြောင်း၊ ကြက်ဆင်များသည် မြက်ပင်ရှည်များကို သဘောကျစားသုံး သည့်အပြင် ဆန်ကွဲ၊ ပြောင်းဖူးစေ့ခွဲခြမ်းနှင့် အသီးအနှံအမျိုးမျိုး၊ အရွက်အမျိုးမျိုးကို စားသုံးကြကြောင်း၊ ကြက်ဆင် (၁၂) ခန့်မွေးမြူရေးအတွက် မြွေနှင့်မြေကြွက် အစရှိသော တိရစ္ဆာန် တို့၏ ရန်ကိုကာကွယ်ရန်အတွက် ခြံစည်းရိုးကို စနစ်တကျခိုင်ခံ့စွာလုပ်ဆောင်ပြီး သန့်ရှင်းရေးကို လည်း အထူးဂရုစိုက်ပြီး မွေးမြူရကြောင်း၊ ကြက်ဆင်မွေးမြူမည့်ခြံသည် လေဝင်လေထွက် ကောင်းမွန်စွာရှိ ရန်လိုအပ်ကြောင်း၊ ကြက်ဆင်အထီးတစ်ကောင်သည် ပျမ်းမျှပေါက်ဈေး (၆၀,၀၀၀) ခန့်အထိရှိပြီး အရွယ်ရောက်ပြီး ကြက်ဆင်အထီးနှင့် အမတစ်စုံလျှင် (၃၅,၀၀၀) ကျပ်အထိရရှိသောကြောင့် ပြန်လည်ရောင်းချရာတွင် အဆင်ပြေလျက်ရှိသောကြောင့် အပိုဝင်ငွေရရှိကာ အဆင်ပြေ လျက်ရှိကြောင်း ကြက်ဆင်မွေးမြူရေး လုပ်ငန်းလုပ်ကိုင်သည့် ဒေသနေပြည်သူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)