ဘုတ်ပြင်းမြို့နယ်၌  သဘာဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးTalk Show ဆွေးနွေးပွဲကျင်းပ

ဘုတ်ပြင်း   ဇွန်   ၂၁

တနင်္သာရီတိုင်းဒေသကြီးကော့သောင်းခရိုင်ဘုတ်ပြင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁ နာရီအချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်  Online မှတဆင့်  အသိပညာပေးဆောင်ရွက်ရသည့် ရည်ရွယ်ချက်များပြောကြားသည်။

ဆက်လက်၍ ဘုတ်ပြင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးကိုကိုဝင်းက  သဘာဝဘေးအန္တရာယ် အပါအဝင်အခြားသောဘေးအန္တရာယ်များ ကျရောက်သည့်အခါအရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ၊ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အနေအခြေများ၊ မိုးရာသီကာလများမှာဖြစ်ပွားနိုင်တဲ့ သဘာဝဘေးအမျိုးအစားများ၊ မီးသတ်ဦးစီးဌာနမှ သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ကြိုတင်စီမံဆောင်ရွက်ထားရှိမှု အခြေ အနေများ၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်လာပါကလည်း ပြည်သူတွေအနေဖြင့် အရေးပေါ်ဘယ်လိုဆောင်ရွက်ရမှာလည်း စသည့်များကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် အသိပညာပေး ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)