ညောင်ဦးခရိုင် ပြန်/ဆက်ဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်

ညောင်ဦး ဇွန်  ၂၁

မန္တလေးတိုင်ဒေသကြီး ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်း အသိပညာပေးဟောပြောပွဲနှင့်နံရံကပ်စာစောင်ပြသခြင်းများအား ညောင်ဦးမြို့အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့ နံနက် ၉နာရီခွဲအချိန်ကဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ခုနှစ်၊ ဇွန် ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ အသိပညာပေးဟောပြောပွဲနှင့် မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်များအား ပြသပေးခဲ့ကြောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်သူဇာစိုး(ဦးစီးရာရှိ) ဦးဆောင်သော ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် နံရံကပ်စာစောင်ပါ အကြောင်းအရာများအားရှင်းပြခြင်း ကျောင်းသား/ကျောင်းသူများအား မူးယစ်အန္တရာယ်ဆိုးကျိုးများ ပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုကြေးမုံ