မလှိုင်မြို့နယ်တွင် မိုးနှောင်းချည်မျှင်ရှည်ဝါ ဧက(၉၅၀)အတွက် မျိုးစေ့ထုတ်နှင့်လူးနယ်ဆေးများ ထောက်ပံ့ပေးအပ်ပွဲကျင်းပ

မလှိုင်  ဇွန် ၂၁

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာနမှကြီးမှူး၍ ၂၀၂၂-၂၀၂၃ခုနှစ်၊ မိုးနှောင်းချည်မျှင်ရှည်ဝါ မျိုးစေ့ထုတ်ဧက(၂၀၀)မျိုးသန့်အထူးဇုန်ဧက(၇၅၀)၊စုစုပေါင်း ဧက(၉၅၀) အတွက် ရွှေတောင်-၁၀ ဝါမျိုးစေ့နှင့် လူးနယ်ဆေး(အင်ဖာနို ၁၀ WP )များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဝါစိုက် တောင်သူများနှင့်တွေ့ဆုံပြီး တောင်သူများအား နိုင်ငံတော်မှ အခမဲ့ဝါမျိုးစေ့နှင့် လူးနယ်ဆေးများကို ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့်လည်း အတွက်တိုးပြီးဈေးကွက်ဝင် အရည်အသွေးပြည့်မီအောင် အထူးအလေးအနက် ထားဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်းက ပံ့ပိုးပစ္စည်းပေးအပ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးစန်းယုက စိုက်နည်းစနစ်နှင့် အပင်ပြုစုထိန်းသိမ်းနည်းမှန်ကန်စေရေး သတ်မှတ်ရက်တွင်သားခွဲရန်နှင့် ကြားထွန်ဝင်ရန် အရေးကြီးကြောင်း တောင်သူများအား အသိပေးဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စန္ဒာလင်း၊ မြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးစန်းယုနှင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှူး ဦးလှမိုးထွေးတို့က ဝါစိုက်တောင်သူများအတွက် ()ဧကလျှင် ရွှေတောင်(၁၀) ဝါမျိုးစေ့()ပိဿာ၊ လူးနယ်ဆေး()ထုတ်နှုန်းဖြင့် တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့သည်။ အဆိုပါပေးအပ်ပွဲသို့ မလှိုင်မြို့နယ် ရေချိုဘူတာကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာမှ မိုးနှောင်း ချည်မျှင် ရှည်ဝါစိုက် တောင်သူ(၃၁)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)