လဲချား ဇွန် ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းတွင် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ယမန်နေ့မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ နယ်လှည့်ကွင်းဆင်း အသိပညာပေးဟောပြောပွဲတွင် အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စိုးစိုးနိုင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းမြင့်မြင့်ဆွေမှ ကျောင်းသား/သူလူငယ်၊ လူရွယ်များပညာသင်ကြားနေချိန်တွင် မူးယစ်ဆေးသုံးစွဲမှုကြောင့် လမ်းမှားမရောက်ရှိစေရန်၊ မူးယစ်ဆေးဝါးအန္တရာယ်ကို ပိုမိုသိရှိနားလည်စေရန်၊ မူးယစ်ဆေးသုံးစွဲသူများ ဖြစ်ပေါ်နိုင်သော ဆိုးကျိုးလက္ခဏာများ၊ မူးယစ်ဆေးဝါးကြောင့် ဖြစ်ပေါ်နိုင်သော အမှုအခင်းများ စသည့်အကြောင်းအရာများကိုဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်ကို ကျောင်းသား/သူများ အသိပညာဗဟုသုတရရှိစေရန် ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လဲချားမြို့နယ်(ပြန်/ဆက်)