မြိတ်တက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲကျင်းပ

မြိတ် ဇွန် ၂၂

မြိတ်တက္ကသိုလ်တွင် ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ကာယ/ဉာဏ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားကစားပြိုင်ပွဲများကို ကျင်းပလျက်ရှိရာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ်(၂)နာရီက တက္ကသိုလ်အားကစားခန်းမတွင် စတင်ကျင်းပခဲ့သည်။

ရှေးဦးစွာ ဘာသာရပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ကြက်တောင်ရိုက်ပြိုင်ပွဲကို မြိတ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာဝင်းဝင်းသန်းက အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးသည်။ ထို့နောက် ပြိုင်ပွဲဝင် ကျောင်းသား/သူများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုခဲ့ကြပြီး ပြိုင်ပွဲ စတင်ကျင်းပခဲ့သည်။

ပြိုင်ပွဲကို အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲ၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲ၊ နှစ်ယောက်တွဲပြိုင်ပွဲနှင့် အမျိုးသား/အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ အမျိုးအစားများဖြင့် ကျင်းပသွားမည်ဖြစ်ပြီး ဘာသာရပ်(၁၂)ခုမှ အမျိုးသား/အမျိုးသမီး အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြပြီး ပြိုင်ပွဲကို ဇွန်းလ(၂၁) ရက်မှ(၂၃)ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခိုင်ထူး(ပြန်/ဆက်)