တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ခြင်းယက် သင်တန်းဆင်းပွဲ ပြုလုပ်

တမူး ဇွန် ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ခြင်းယက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က တမူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်တန်းဆင်းပွဲတွင် တမူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးအောင်လွင်ဦးမှ အမှာစကားပြောကြားပြီး မြို့နယ်ဦးစီးမှူး ဒေါ်ကြူကြူခိုင်မှ ကျေးလက်ပြည်သူများအား အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုတိုးတက်ရရှိလာစေရန်၊ တစ်ဦးချင်း ဝင်ငွေတိုးတက်ရရှိပြီး ဆင်းရဲမှုလျော့ချစေရန်၊ ကျေးလက်ဒေသ လူမှုစီးပွားဘဝ မြင့်မားလာစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ သင်တန်းသူ (၁၃) ဦးတို့က ဇွန်လ(၇)ယက်နေ့မှ ယမန်နေ့အထိ (၁၅)ကြာ သင်တန်းတက်ရောက်ခဲ့ကြပြီး သင်တန်းတွင် ထမင်းချိုင့်ခြင်းယက်လုပ်ခြင်း၊ စျေးခြင်းယက််လုပ်ခြင်း၊ ပလိုင်းခြင်းယက််လုပ်ခြင်းနှင့် ဆရာမကိုင် ခြင်းယက််လုပ်ခြင်းများကို သင်ကြားပေးခဲ့ကြောင်း သိရသည်။

ရတနာ