မိုင်းငေါ့မြို့တွင် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာကွပ်ကဲမှုအဖွဲ့မှ နယ်လှည့်ဆေးကုသရေး အခမဲ့ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းငေါ့ ဇွန် ၂၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ဈေးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ အမှတ်(၁၀၁) ခြေမြန်တပ်မဌာနချုပ် အမှတ်(၁၀၁၁) နည်းဗျူဟာစစ်ဆင်ရေးကွပ်ကဲမှုအဖွဲ့မှ ခေတ္တနည်းဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး အောင်ခိုင်ဝင်းဦးစီး၍ နည်လှည့်ဆေးကုသရေးအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်း ဦးဆောင်သောအဖွဲ့သည် မိုင်းငေါ့မြို့ပေါ်ရှိ ပြည်သူများနှင့် အနီးဝန်ကျင်ကျေးရွာများရှိ ပြည်သူများ၏ ကျန်းမာရေးအတွက် အခမဲ့ဆေးကုသမှုကို ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ နယ်လှည့် ဆေးကုသရေူအဖွဲ့ သူနာပြုအရာရှိ ဗိုလ်ကြီးထိန်လင်းဝင်းနှင့်အဖွဲ့မှ ပြည်သူများ၏ အထွေထွေရောဂါများဖြစ်သော သွေးတိုး၊ နှလုံး၊ ဆီးချို စသည့် ရောဂါများအတွက် မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာများမှ ဆေးလာရောက်ကုသလျက်ရှိကြပြီး ဆေးခန်းသို့မလာရောက်နိုင်သော လူနာများကိုလည်း ဆေးကုသရေးအဖွဲ့မှ တာဝန်ရှိသူများက အိမ်တိုင်ရာ‌ရောက် ဆေးကုသမူများ‌ သွားရောက်ဆောင်ရွက်ပေးလျက်ရှိကာ လူနာများအား လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆေးကုသမှုကို အပတ်စဉ် အင်္ဂါ၊ ကြာသပတေး၊ စနေနေ့ရက်များတွင် နံနက်(၉)နာရီမှ နေ့လယ် (၂) နာရီအထိ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)