ကလေးမြို့ ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်

ကလေး ဒီဇင်ဘာ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ‌ကလေးခရိုင်၊ ကလေးမြို့ ဘိုးဘွားရိပ်သာရှိအဖိုးအဖွားများအား လစဉ်ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးမှုကို ဒီဇင်ဘာလ ၁၅ ရက်နေ့က ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ ဆရာဝန်များနှင့် သူနာပြုများက ကျန်းမာရေးစမ်းသပ်စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကလေးမြို့ဘိုးဘွားရိပ်သာ ကျန်းမာရေးစောင့်ရှောက်မှုကော်မတီအဖွဲ့မှ Dr တင်မောင်ဝေနှင့် အဖွဲ့က ကလေးမြို့ ဘိုးဘွားရိပ်သာရှိ အဖိုးအဖွားများအား ကျန်းမာရေးအတွက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးများ တိုက်ကျွေးရန် လမ်းညွှန်မှုပေးခြင်းနှင့် ဆေးရုံဆေးခန်းများသို့ လွှဲပြောင်းကုသရန်လိုအပ်သော အဖိုအဖွားများကိုလည်း ပို့ဆောင်ကုသနိုင်ရေးအတွက် လမ်းညွှန်ပေးခဲ့သည်။

ဘိုးဘွားရိပ်သာမှ အမှုဆောင်များနှင့် အကူသူနာပြုများကလည်း ဆရာဝန်များ၏ လမ်းညွှန်ချက်နဲ့အညီ အဖိုးအဖိုးများအား ကျန်းမာရေးအတွက် စောင့်ရှောက်ဆောင်ရွက်လျှက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုကော်မတီမှ ကျန်းမာရေးစောင့်ရှောက်မှု လစဉ်ဆောင်ရွက်ပေးနေကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)