ဟင်္သာတတက္ကသိုလ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘာသာရပ်အလိုက်ပြိုင်ပွဲများ  ဖွင့်ပွဲအခမ်းအနားကျင်းပ

ဟင်္သာတ ဒီဇင်ဘာ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ်၊ အားကစားခန်းမ၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း၊ ကြက်တောင်ရိုတ်၊ ဘော်လီဘော၊ ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြိုင်ပွဲဝင်ကစားသမားများမှ စစ်ကြောင်းမှူးဦးဆောင်၍ ကွင်းအတွင်းနေရာယူပြီးနောက် ဟင်္သာတတက္ကသိုလ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာအေးလွင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြိုင်ပွဲဝင်ကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခြင်းနှင့် အားကစားသမားများ ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခြင်းများ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် အားကစားနှင့်ကာယပညာဆပ်ကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာ အေးလွင်၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ချိုကြည်သန်း ၊ သင်ကြားရေးဌာန အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ဘာသာရပ်အသီးသီးမှ ကိုယ်စားပြုပြိုင်ပွဲဝင်အသင်းများမှ အသင်းသား/သူများ စုစုပေါင်း အင်အား(၁၇ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် အဆိုပါ ဟင်္သာတတက္ကသိုလ် ဘာသာရပ်အလိုက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်း ပြိုင်ပွဲအား ဒီဇင်ဘာ(၁၆)မှ (၁၈)ရက်ထိလည်းကောင်း၊ ကြက်တောင်ရိုက်ပြိုင်ပွဲအား(၂၃)မှ (၂၆)ထိလည်းကောင်း၊ ဘော်လီဘောပြိုင်ပွဲအား ဇန်နဝါရီ (၂) မှ (၈)ရက်ထိလည်းကောင်း၊ ပြေးခုန်ပစ်ပြိုင်ပွဲအား ဇန်နဝါရီ (၂၂) မှ (၂၃)ထိလည်းကောင်း ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ​ဟင်္သာတတက္ကသိုလ်ရှိ ဘာသာရပ် အသီးသီးမှ ပြိုင်ပွဲဝင်အသင်းများမှ ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)