ဖျာပုံ ဒီဇင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ဖျာပုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ ဖွင့်လှစ်ခဲ့သော လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နေ့လယ်ပိုင်းက အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။
အဆိုပါ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲတွင် ဖျာပုံခရိုင်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှုး ဒေါ်လတ်လတ်ဝင်းက အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေး အိမ်တွင်းတစ်ပိုင်တစ်နိုင် အသေးစား စက်မှုလက်မှုလုပ်ငန်းများ ပေါ်ထွန်းလာစေရန်နှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းအဖြစ် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်းနှင့် ယခုကဲ့သို့သင်တန်းမှသင်ကြာပေးလိုက်သော သင်ခန်းစာများကို သေချာစွာမှတ်သားပြီး မိမိပတ်ဝန်းကျင်တွင် တစ်ပိုင်တစ်နိုင်လူသုံးကုန်ပစ္စည်များထုတ်လုပ်ခြင်းဖြင့် မိသားစုဝင်ငွေတိုးတက်စေမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နေက် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးမှ လက်ခံရယူပြီး ဖျာပုံခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝင်းပပကျော်က သင်တန်းမှထွက်ရှိလာသော ကုန်ချောပစ္စည်းများအား သင်တန်းသား၊ သင်တန်းသူများအားပေးအပ်သည်။ အဆိုပါသင်တန်းကို (၁၂.၁၂ .၂၀၂၄)ရက်နေ့မှ (၁၆. ၁၂. ၂၀၂၄)ရက်နေ့ထိ (၅)ရက်တိုင်တိုင် စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်းသိရှိရသည်။
အောင်ဝင်းနိုင်