နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေး

နွားထိုးကြီး ဇွန် ၂၂

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားများ၏ ပင်စင်လစာငွေများကို ယနေ့နံနက်ပိုင်းမှစ၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းကမ်းနှင့်အညီ ပင်စင်လစာငွေ ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ပင်စင်လစာငွေများထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ပင်စင်လစာငွေလာရောက်ထုတ်သူများအား စနစ်တကျရှိစေရန် ၃ ပေအကွာ နေရာများချထားပေးခြင်း၊ လက်ဆေးဘေလ်စင်များထားရှိပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်မှ စီမံဆောင်ရွက်ပေးထားခြင်း၊ ပင်စင်ထုတ်ယူရာတွင် ယမန်နေ့မှစ၍ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ ပင်စင်စာများအား နံနက်(၉)နာရီအချိန်မှစ၍ နေ့လယ်(၁)နာရီအချိန်ထိ ထုတ်ပေးလျက်ရှိပြီး ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူနိုင်ကြောင်း မြန်မာ့စီးပွားရေးဘဏ်မန်နေဂျာထံမှ သိရသည်။

သန်းအောင်ဇော်