ကျောင်းသူ၊ ကျောင်းသားများ အပြည်ပြည်ဆိုင်ရာမူးယစ် ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၌ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများ ကျင်းပဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းက အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲအား ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။