ဇေယျာသီရိ ဇွန် ၂၂
စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဥတ္တခရိုင်ဇေယျာသီရိ မြို့နယ်ဦးစီးမှူးရုံးမှ ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာပေး သင်တန်းကို ယနေ့နံနက် ၉နာရီက ခေတ်အေးကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာတွင်ကျင်းပခဲ့သည်။
အဆိုပါသင်တန်းတွင် ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင် ဦးကြည်နိုင်က အဖွင့်အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံသည်စိုက်ပျိုးရေးကိုအခြေခံသည့်နိုင်ငံဖြစ်သလို နိုင်ငံအတွင်း ဆန်စပါးဖူလုံရုံသာမက ဆီဖူလုံရေးအတွက်လည်း ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာသီနှံများ ရာသီမရွေးစိုက်ပျိုးနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာပေးသင်တန်းများဖွင့်လှစ်ပေးလျက်ရှိရာ ယနေ့သင်တန်းသို့တက်ရောက်လာသည့် တောင်သူများအနေဖြင့် တစ်နေ့တာကို အကျိုးရှိရှိသင်ကြားဆွေးနွေးမှုများ လုပ်ဆောင်ပေး လိုကြောင်း တိုက်တွန်းပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က သင်တန်းဖွင့်လှစ်ခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား ခဲ့ပြီးနောက် နေပြည်တော်တိုင်းမျိုးစေ့တာဝန်ခံ ဦးဝင်းချို၊ ဥတ္တရခရိုငိစိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးထိန်လင်းဟန်နှင့် ဇေယျာသီရိမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးပြေသိန်းတို့က ဆီထွက်သီးနှံမျိုးစေ့ထုတ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ဆီထွက် သီးနှံနည်းပညာပေးသင်တန်းအကြောင်းနှင့် လက်ရှိဇေယျာသီရိမြို့နယ်အတွင်း စိုက်ပျိုးလျက် ရှိသည့် ဆီထွက်သီးနှံများအကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါသင်တန်းသို့ ခေတ်အေးကျေးရွာအုပ်စုမှ တောင်သူ ၅၀ ဦးတက်ရောက်ခဲ့ပြီး ဇေယျာသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာမှ တာဝန်ရှိသူများက ဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်းနှင့် နေကြာ စိုက်ပျိုးထုတ်လုပ်မှုနည်းပညာများကို ယနေ့နံနက်ပိုင်းမှစတင်ကာ ညနေ ပိုင်းအထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)