ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေး

ပန်းတနော် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူထားတဲ့ အစိုးရဝန်ထမ်း ပင်စင်စားများအား ပင်စင်လစာငွေများ ထုတ်ပေးခြင်းကို ဇွန်လ ၂၁ ရက်နေ့မှ စတင်၍ နံနက် ၈ နာရီအချိန်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ပန်းတနော်မြို့နယ်အတွင်းရှိ ပင်စင်စားများ ပင်စင်လစာငွေများ လာရောက်ထုတ်ယူရာတွင် အဆင်ပြေစေရေးအတွက် ဇွန်လ(၂၁)ရက်မှ (၃၀) ရက်နေ့အထိ နေ့စဉ် နံနက် (၈)နာရီ မှ ညနေ (၃) နာရီအတွင်း ပင်စင်လစာငွေများ ထုတ်ပေး လျက်ရှိသည်။ ထိုသို့ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် သက်ကြီးရွယ်အိုတွေကို  ဦးစားပေးထုတ်နှံပေး လျက်ရှိပြီး သတ်မှတ်ရက်များ၌ လာရောက်မထုတ်ယူနိုင်သော ပင်စင်စားများအား ဇူလိုင်လဆန်းပိုင်း ဘဏ်လုပ်ငန်းချိန် အတွင်း  လာရောက်ထုတ်ယူနိုင်ပြီး  ပန်းတနော်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက် ထုတ်ယူသူ (၁၀၀၀) ကျော်ခန့် ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)