ပန်းတနော်တွင် တောင်သူများအတွက် ယူရီးယားဓာတ်မြေသြဇာများ စျေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေး

ပန်းတနော် ဇွန် ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အဆင့်ဖြန့်ဖြူး ရောင်းချရေးကော်မတီ ဥက္ကဋ္ဌ ဦးဆန်းဗိုလ်နှင့် အဖွဲ့ဝင်များ၏ ကြီး​ကြပ်မှုဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယူရီးယားဓာတ်မြေ သြဇာများအား အမှန်တကယ်လိုအပ်သည့် တောင်သူများ လက်ဝယ်သို့ စျေးနှုန်းသက်သာစွာ အခက်အခဲမရှိ ဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် Consortium အဖွဲ့ ကုမ္ပဏီနှင့် ချိတ်ဆက်ထားသည့် ဆန်းသစ်အောင် ဓာတ်မြေသြဇာဆိုင်တွင် ယူရီးယားဓာတ်မြေသြဇာ အိတ် ၁၀၀၀ အား ယနေ့ နံနက် ၉ နာရီက စတင်ရောင်းချပေးလျက်ရှိသည်။

အဆိုပါ ယူရီးယားဓာတ်မြေသြဇာများကို တစ်ဧကလျှင် တစ်အိတ်နှုန်း တစ်အိတ်လျှင် ၈၈၃၀၀ ကျပ်နှုန်းဖြင့် စျေးနှုန်း သက်သာစွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိရာ တောင်သူများအနေဖြင့် ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တစ်ဆင့် လျှောက်ထားဝယ်ယူနိုင်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)