မြင်းခြံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးတွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဆင်းပွဲ ပြုလုပ်

မြင်းခြံ ဇွန် ၂၂

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်းအထောက် အကူပြု ဆပ်ပြာရည်နှင့် ခေါင်းလျော်ရည် ပြုလုပ်နည်းသင်တန်းဆင်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မြင်းခြံခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဆွေဇင်ဦးကအဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ် ကျးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။

"မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး ဆင်းရဲ နွမ်းပါးမှု လျော့ချစေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေခြင်း၊ အခြေခံစက်မှုလက်မှု နည်းပညာရပ်များ တိုးတက်ပြန့်ပွားစေခြင်း၊ မိသားစုအိုးမကွာအိမ်မကွာ ကိုယ်ပိုင်လုပ်ငန်းထူထောင်နိုင်စေရန်အတွက် ဖန်တီးပေးခြင်းနှင့် အလုပ်အကိုင်များရရှိစေမည့် အသက်မွေးဝမ်းကျောင်းပညာများ နားလည်တတ်ကျွမ်းစေရေးအတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းဖွင့်လှစ်ပို့ချခြင်းဖြစ်ကြောင်း" မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သက်သက်နွယ်က ပြေ ာသည်။

အဆိုပါသင်တန်းတွင် ဆပ်ပြာရည်နှင့် ခေါင်းလျှော်ရည် ပြုလုပ်နည်းအပြင် မျက်နှာသစ်ဆပ်ပြာခဲ၊ မီးအလှထွန်း ဖယောင်း၊ Scrub၊ မှန်ကြည်ဆေး၊ ရေးချိုးဆပ်ပြာရည် ပြုလုပ်နည်းများကိုပါ (၁၀) ရက်ကြာ သင်ကြားပို့ချပေးခဲ့ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ကျေးရွာများမှသင်တန်းသူ (၁၅) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။

ကျော်စွာ(မြင်းခြံ)