ချမ်းအေးသာစံ ဇွန် ၂၃
ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက မန္တလေး၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၁၉)အခြေခံပညာအထက်တန်းကျောင်း၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ သွားရောက်ဆောင်ရွက်ခဲ့သည်။
ထို့သို့ ပြသဆောင်ရွက်ရာတွင် အဆိုပါ အသိပညာပေးနံရံကပ်စာစောင်၌ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအား သုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါး အမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ လူမှုရေးပိုင်းဆိုင်ရာထိခိုက်မှုများ၊ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် လက်ဝယ်ကိုင်ဆောင်မှုအတွက် ချမှတ်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ဆေးလိပ်သောက်သုံးခြင်းကြောင့် ရရှိလာသောဆိုကျိုးများအကြောင်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်/လူရွယ်လေးများ သိရှိနားလည်စေရန်အတွက် မူယစ်ဆေးဝါးအန္တရာယ်တာဆီးကာကွယ်ရေး အသိပညာပေးမှတ်တမ်းပုံများ၊ မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးအသိပညာပေး ဆောင်းပါး၊ ကဗျာများ၊ ကာတွန်းများ၊ လက်ကမ်းစာစောင်များ၊ ပညာပေးရုပ်ပြများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဆောင်ပုဒ်နှင့် ပိုစတာများ၊ သရုပ်ဖော်ပန်းချီများ၊ မူးယစ်ဆေးသုံးစွဲသူများအား ကုသပေးခြင်းနှင့် ပညာပေးခြင်းဆိုင်ရာလုပ်ငန်းများ၊ စိတ်ကြွဆေးအန္တရာယ်မှကင်းဝေးစေရေး သိမှတ်ဖွယ်ရာများအား နံရံကပ်စာစောင်အဖြစ် ပြသဆောင်ရွက်ထားရှိရာ ကျောင်းသူ၊ ကျောင်းသားများက စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
ထိပ်ထားနိုင်