ပဲခူးတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပ

ပဲခူး ဇွန် ၂၃

ပဲခူးတက္ကသိုလ် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီက အဆိုပါ တက္ကသိုလ်ရှိ ဘောလုံးအားကစားကွင်း၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ အေးအေးခိုင်၊ ဒုတိယပါမောက္ခချုပ်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပါမောက္ခချုပ်က အမှာစကားပြောကြားပြီး ဘာသာရပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးခဲ့ပြီး ပထမနေ့ ပွဲစဉ်တွင် သတ္တဗေဒအသင်းနှင့် ဓာတုဗေဒအသင်းက နံနက် နာရီတွင်လည်းကောင်း ရုက္ခဗေဒအသင်းနှင့် ရူပဗေဒအသင်းက မွန်းလွဲ ၁၅ နာရီ တွင်လည်ကောင်း ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ ပြိုင်ပွဲများကို ဇွန် (၂၃)မှ (၂၉)ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီးအုပ်စု (၄)စု အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

သက်ဖြိုးကြိုင်