နွားထိုးကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေ

နွားထိုးကြီး ဇွန် ၂၃

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့ နံနက် ၁၀ နာရီကစာသင်ကျောင်းနှင့် လူစည်ကားရာနေရများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက အခမဲ့ဖြန့်ဝေခဲ့ကြောင်းသိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်းပါး၊ နိုင်ငံတော်ဝန်ကြီးချုပ် ၏ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး တွင် ပြောကြားခဲ့သည့် မိန့်ခွန်း၊ အမျိုးသား မူးယစ်ထိန်းချုပ်ရေး မူဝါဒ၊ မဟာဗျုဟာ (၂) ရပ်နှင့် နည်းဗျုဟာ (၃) ရပ်မူးယစ်ဆေးဝါးအန္တရာယ် ကဗျာနှင့် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ မူးဆေးဝါးတိုက်ဖျက်ရေးမှတ်တမ်းဓာတ်ပုံ၊ အသိပညာပေး ကာကွန်းစသည့် ဗဟုသုတအကြောင်း အရာတို့ကို ထုတ်နုတ်ဖော်ပြထားပြီး ပြည်သူများ၊ လူငယ်လူရွယ်များ မူးယစ်ဆေးကြောင့် လမ်းမှားမရောက်ရှိရေး ရည်ရွယ်၍ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

သန်းအောင်ဇော်