ဆွမ်ပရာဘွမ် ဇွန် ၂၃
ကချင်ပြည်နယ်၊ ဆွမ်ပရာဘွမ်မြို့နယ် ဖုန်ကျန်းအခြေခံပညာ အလယ်တန်းကျောင်းခွဲတွင် ကျောင်းသား၊ ကျောင်းသူများ အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆေးထိုးမှုလုပ်ငန်းကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကျန်းမာရေးဝန်ထမ်းများ ပူးပေါင်းကာ ဖုန်ကျန်းအခြေခံပညာ အလယ်တန်းကျောင်းခွဲ၌ ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား အသက် ၅ နှစ်မှ ၁၂ နှစ်ရှိသူများကို သတ်မှတ်နေရာ၌ Mask များ စနစ်တကျ တပ်ဆင်နေရာယူစေကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံမှုတွင် ဆွမ်ပရာဘွမ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဖုန်ကျန်းအုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟင်နရီမီးကိုဆာ(ဆွမ်ပရာဘွမ်)