အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေ

ချမ်းမြသာစည်  ဇွန်  ၂၃

မန္တလေးခရိုင်၊ ချမ်းမြသာစည်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ယူနေကြသည့် ကျောင်းသား/သူများအနေဖြင့် မူးယစ်ဆေးဝါး၏ အန္တရာယ်ကို သိရှိနိုင်‌စေရန်နှင့် ကြိုတင်ကာကွယ် ရှောင်ရှားနိုင်‌စေရေးတို့ကို ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက် ၉ နာရီက အခြေခံပညာကျောင်းများတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကအခမဲ့ဖြန့်ဝေ‌ပေးခဲ့ကြောင်း သိရသည်။

အဆိုပါသတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါး ပြဿနာနှင့်ဖွံ့ဖြိုးတိုးတက်ရေးဆောင်းပါး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် နိုင်ငံတော်၀န်ကြီးချုပ် ပြောကြားခဲ့သည့် မိန့်ခွန်း‌ကောက်နုတ်ချက်၊ အမျိုးသားမူးယစ်ထိန်းချုပ်ရေးမူဝါဒများ၊မဟာဗျုဟာ (၂)ရပ်နှင့်နည်းဗျုဟာ(၃)ရပ်၊မူးယစ်ဆေးဝါးအန္တရာယ်ကဗျာနှင့် မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး မှတ်တမ်းဓာတ်ပုံ၊ အသိပညာပေး ကာတွန်းစသည့် ဗဟုသုတအကြောင်းအရာတို့ကို ထုတ်နုတ် ဖော်ပြထားကြောင်း သိရသည်။

ခင်စိမ်း၀င်း(မြို့နယ်ပြန်/ဆက်)