သိန္နီမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ စာပေအသိ ပညာဗဟုသုတတိုးပွားရေး၊ စာဖတ်သည့် အလေ့အထကောင်းများရရှိစေရေးအတွက် စာအုပ်စာစောင်များကို နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် ဌာနဆိုင်ရာရုံးများအရောက် လှည့်လည်ငှားရမ်းပေးခြင်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ယနေ့နံနက် ၁၀ နာရီအချိန်က သွားရောက်ငှားရမ်းပေးခဲ့သည်။