ကျောက်ဖြူခရိုင်၌ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ၏ ဌာနတွင်းဘာသာရပ်ဆိုင်ရာ သင်တန်း အမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲ အခမ်းအနားကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ကျောက်ဖြူမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ခရိုင်အတွင်းရှိ အမှုထမ်းအဆင့် ဝန်ထမ်းသစ်များ၏ ဌာနတွင်း ဘာသာရပ်ဆိုင်ရာ သင်တန်းအမှတ်စဉ် (၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဒလမြို့နယ်ရှိ အဝေးပြေးကားဝန်း၌ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း အခြေပြုယာဉ်လိုင်းများ   ပုံမှန်ပြန်လည်ပြေးဆွဲ‌

ရန်ကုန်တိုင်းဒေသကြီး၊ ဒလမြို့နယ်ရှိ အဝေးပြေးကားဝန်း၌ ဧရာဝတီတိုင်းဒေသကြီး အခြေပြုပြေးဆွဲပေးနေသော အဝေးပြေးယာဉ်လိုင်းများနှင့် ရန်ကုန်တိုင်းဒေသကြီး အခြေပြုပြေးဆွဲပေးနေသော ယာဉ်လိုင်းများ အနေဖြင့် တွံတေး မြို့နယ် ကံဘဲ့လမ်းနှင့် ကော့မှူးလမ်းပိုင်းအား နယ်မြေအေးချမ်းတည်ငြိမ်ရေးနှင့် လုံခြုံရေးအတွက် ခေတ္တပိတ်ထား ခဲ့ရာမှ ဒီဇင်ဘာ ၆ ရက်နေ့က စတင်ပြီး  ပြန်လည်ဖွင့်လှစ်မှုကြောင့် ခရီးသည်တင် အဝေးပြေးယာဉ်လိုင်းများအနေဖြင့် ပုံမှန်ပြန်လည်ပြေးဆွဲပေးလျက်ရှိကြောင်း အနယ်နယ်အရပ်ရပ်မှ ခရီးသွား မိဘပြည်သူများ ပုံမှန်သွားလာလျက်ရှိ ကြောင်း၊  ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှု ကော်မတီ (YRTC) ဒလမြို့နယ်ရုံးခွဲမှ သိရ သည်။

ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် စီမံကိန်ရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီ၏ (၂/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉နာရီခွဲက ပြည်ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး ခန်းမ၌ကျင်းပရာ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်းအောင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်မြို့ရှိ တက္ကသိုလ်/ကောလိပ် အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်သည်။

ပေါင်းတည်မြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နေ့လည်ပိုင်းက သပြေကြီးစုအုပ်စု၊ လက်ပန်ကိုင်းကျေးရွာ အမကကျောင်း၌ နိုင်ငံသား စိစစ်ရေးကတ်ပြား(၃၆)ကတ်နှင့် အိမ်ထောင်စုစာရင်း(၁၀)ခုပေးအပ်ခဲ့ကြောင်း သိရသည်။

သန်လျင်မြို့ ဘုရားကုန်းကျေးရွာ၌ ဂတ်စ်မီးဖိုမှ မီးလောင်မှုဖြစ်ပွား

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ၁၅ ပေကွက်သစ်တွင် ယနေ့ နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်တွင် အသက်(၁၂) အထက် ကျောင်းသား/ကျောင်းသူ(၇၈၆)ဦးတို့အား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်

နိုင်ငံတော် အစိုးရ အစီအစဉ်ဖြင့် အသက်(၁၂)နှစ်အထက် အခြေခံပညာ အလယ်တန်း ၊အထက် တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေး အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ  ထိုးပေးနိုင်ရေးစီစဉ်  ဆောင်ရွက်လျှက်ရှိရာ  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊  စဉ့်ကိုင်မြို့နယ်တွင် ယမန်နေ့ တတိယ အသုတ် ဒုတိယအကြိမ်ထိုးနှံ ပြီးသူ (၇၈၆) ဦး ထိုးနှံပေးပြီးဖြစ်ကြောင်းသိရသည်။

ကျောက်ဆည်မြို့နယ်တွင် နနွင်းစိုက်ဧက (၁၀၀၈)ဧလျာထားစိုက်ပျိုးထားရှိပြီး နနွင်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ၂၀၂၁-၂၀၂၂၊ ခုနှစ်တွင် နနွင်းစိုက်ဧက (၁၀၀၈)ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး ပေါင်လောင်ကျေးရွာတွင် စိုက်ပျိုးထားသော နနွင်းစိုက်ခင်းများအောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း  သိရှိရသည်။

အင်းစိန်မြို့နယ်၌ သန့်ရှင်းသာယာလှပစေရေးလုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရန်၊ ဖွံ့ဖြိုးတိုးတက်စေရန်၊ ရေစီးရေလာ ကောင်းမွန်စေရန်နှင့် ရေမြောင်းများ ပိတ်ဆို့မှုကြောင့် ခြင်များပေါက်ဖွားမှု မရှိစေရန် ရည်ရွယ်၍ သန့်ရှင်းသာယာလှပစေရေး လုပ်ငန်းများနှင့် ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများကို ယနေ့ နံနက်(၈)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

ကော့ကရိတ်မြို့၌ စာဖတ်ဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club ပူးပေါင်း၍ စာရေးဆရာ ဦးခင်မောင်ညို (ဘောဂဗေဒ)ရေးသားသည့် ဒေးလ်ကာနက်ဂျီ ၏ ဘဝတစ်လျှောက် အောင်မြင်ပျော်ရွှင်နည်း စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၁နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကော့ကရိတ်ခရိုင်ရုံးရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to