အုတ်ဖို ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးရန်ပျိုးပင်များ ပျိုးထောင်ထားရှိကြောင်း သိရသည်။
အဆိုပါပျိုးပင်များကို ပန်းတင်ကျေးရွာ တောင်သူဦးဝင်းဦး၏လယ်ကွင်းတွင် စိုက်ပျိုးရန် မှော်ဘီ(၃)မျိုးစပါး (၁၀)ဧက စာပျိုးထောင်ထားခြင်းဖြစ်ပြီး သမန်းပြင်ခြင်းလုပ်ငန်းများကို မြို့နယ်စက်မှုလယ်ယာဦးဌာနမှ စက်ယန္တယားများဖြင့် ဆောင်ရွက်လျက်ရှိပြီဖြစ်ကြောင်း ယခုလ ၂၈ ရက်နေ့တွင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမင်းထွန်းထံမှ သိရသည်။
အောင်သူ