သင်္ဃန်းကျွန်း ဇွန် ၂၃
လူငယ်လူရွယ်လေးများကောင်းမွန်သော ရည်မှန်းချက်ထားရှိရန်၊ ယနေ့လူငယ်လေးများ မူးယစ်ဆေးဝါး၏ သားကောင်ဘဝသို့မကျရောက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယနေ့နံနက် (၉)နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် စာရေးဆရာမ စိန်မေရီလွင်မိုး မှ ယနေ့ခေတ် လူငယ်လူရွယ်များ၏ အကျင့်စိတ်ဓာတ်နှင့် စာရိတ္တမဏ္ဏိုင်ကို အကြီးမားဆုံး ဖျက်ဆီးနိုင်သည့် မူးယစ်ဆေးဝါး အန္တရာယ် အား အသိပညာဗဟုသုတရရှိစေရန်အတွက် ဆေးလိပ်နှင့်ဆေးရွက်ကြီးအန္တရာယ်၊ ဆေးခြောက် အန္တရာယ်၊ စိတ်ကြွရူးသွပ်ဆေးပြားအန္တရာယ်၊ အရက်အန္တရာယ်၊ ကော်ရှုခြင်းအန္တရာယ်၊ ကွမ်းစား ခြင်းအန္တရာယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနည်းလမ်းများ စသည်တို့ကို လူငယ်များ မူးယစ်ဆေးဝါးနှင့် ပတ်သက်ပြီးရှောင်ရှားနိုင်ရန်နှင့် လူငယ်များအား မူးယစ်ဆေးဝါးအန္တရာယ် မကျရောက်ရန်အတွက် အသိပညာ ဗဟုသုတများရရှိစေရန် ဟောပြောခဲ့ကြောင်း သိရသည်။
ဟောပြောပွဲသို့ စာအုပ်စာပေချစ်မြတ်နိုးသူများ၊ စာပေဝါသနာပါသူ လူငယ်လူရွယ်လေးများ တက်ရောက်ခဲ့ပြီး အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်တားဆီး ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)