နတ်တလင်း ဇွန် ၂၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် လေဘေးသင့်အိမ်ထောင်စုအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေကို ယနေ့နံနက် ၁၀ နာရီက နတ်တလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ လေဘေးသင့်အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဇီးကုန်းမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများ ပူးပေါင်း၍ ဇွန် ၂၁ ရက်နေ့က လေပြင်းတိုက်ခတ်မှုကြောင့် သာစည်ကျေးရွာအုပ်စု၊ ပိုးစာခင်းကျေးရွာ၊ ဆီဆုံကုန်းကျေးရွာအုပ်စု၊ ကွင်းစမ်းကျေးရွာ၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းကျေးရွာတို့တွင် ဖြစ်ပွားခဲ့သော အမိုးလန်နေအိမ်(၄)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၆၀,၀၀၀)ကျပ်၊ အိမ်ထောင်စုရှိအိမ်ထောင်စုရှိ(၄)စုရှိ လူဦးရေ(၁၆)ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုး ထောက်ပံ့ငွေ(၃၃၆၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၉၃၆၀၀)ကျပ်အား လေဘေးသင့် အိမ်ထောင်စုများထံ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး