စုကလိ ဇွန် ၂၃
ကရင်ပြည်နယ်မြဝတီခရိုင်၊ စုကလိမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းအောင်ကျောင်းသားနှင့် ဘာသာရပ်ပြဆရာ၊ဆရာမများအားဂုဏ်ပြုပွဲအား ယနေ့နံနက် ၁၀ နာရီက အခြေခံပညာအထက်တန်းကျောင်း စုကလိခန်းမဆောင်တွင် ကျင်းပပြုလုပ် သည်။
ရှေးဦးစွာ DKBA တပ်ရင်း(၉၀၇)တပ်ရင်းမှူး ဗိုလ်မှူးကြီးဖားယုခေးက အဖွင့်ဂုဏ်ပြုစကားပြောကြားပြီး အခြေခံပညာအထက်တန်းကျောင်း (စုကလိ)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဇာဦးက ဂုဏ်ပြုစကားနှင့်သင်ကြားပြသခဲ့မှုအားပြောကြားကာစုကလိမြို့အုပ်ချုပ်ရေးမှုး (က.စ) ဝေါလေမြိုင်မြို့အုပ်ချုပ်ရေးမှူးဦးကောင်းရီက ဂုဏ်ပြုစကားပြောကြားသည်။
၎င်းနောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်ဇာဦးက ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း၌ ထူးချွန်စွာအောင်မြင်ခဲ့ပြီး ပထဝီဝင်ဘာသာရပ်၌ ဂုဏ်ထူးရကျောင်းသားမောင်ညီညီအောင်အား ဂုဏ်ပြုဆုနှင့် မှတ်တမ်းလွှာအား ချီးမြှင့်ပေးအပ်ခဲ့ပြီးနောက် တက်ရောက်လာသော ဌာနဆိုင်ရာဝန်ထမ်းများနှင့်ဧည့်သည်တော်များက ဘာသာရပ်ပြဆရာ/ဆရာမများအား ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ခဲ့ကြသည်။ ထို့နောက် ဂုဏ်ထူးရကျောင်းသားမောင်ညီညီအောင်နှင့် ဘာသာရပ်ပြဆရာမတစ်ဦးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ပိုပိုအောင် (ပြန်/ဆက်)