၂ဝ၂၂-၂ဝ၂၃ မိုးရာသီကာလ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ခင်းကြည့်ရှုစစ်ဆေး

ထားဝယ် ဇွန် ၂၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ထားဝယ်မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများကို ယမန်နေ့မွန်းလွဲပိုင်းတွင် ညောင်ရမ်းတောင်ရပ်ကွက်ရှိ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိရစ္ဆာန်အစာပင် သရုပ်ပြစိုက်ခင်းတွင် စိုက်ပျိုးထားရှိကြောင်း သိရသည်။

ထို့သို့ တိရစ္ဆာန်အစာပင် နေဗီယာမြက်မျိုးများ စိုက်ပျိုးထားရှိမှုကို ထားဝယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်ထက်နောင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး ဒေသခံမွေးမြူတောင်သူများအား နေဗီယာမြက်မျိုးများ ဖြန့်ဝေပေးခဲ့သည်။

နွားများအား နေဗီယာကို အသားဓာတ်မြင့်မားဆုံးအချိန်ဖြစ်သည့် (၄၅)ရက်သားတွင် ခုတ်ယူကျွေးမွေးပါက အကောင်းဆုံးဖြစ်ပြီး မြက်ချဉ်ဖတ်ပြုလုပ်၍လည်း ကျွေးမွေးနိုင်ကြောင်းနှင့် အရသာကောင်းမွန်မှုကြောင့် ကျွဲ၊ နွားများ နှစ်သက်စွာစားသုံးကြကြောင်း သိရသည်။

ရွှေပင်လယ်(ထားဝယ်)