မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ရုံးလုပ်ငန်းနှင့် မိုးသီးနှံစိုက်ပျိုးစရိတ် ချေးငွေလုပ်ငန်းများအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်း ကြည့်ရှု

မြို့သစ် ဇွန် ၂၄

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦး(ရုံးချုပ်)နှင့် ဒုတိယအထွေထွေမန်နေဂျာဦးသိန်းထိုက်တို့သည် မကွေးတိုင်းဒေသကြီး မန်နေဂျာဦးမျိုးမြင့်ဦးတို့နှင့်အတူ မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲသို့ ယမန်နေ့က ရောက်ရှိကာ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဝန်ထမ်းများဖြင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ ဝန်ထမ်းတစ်ဦးချင်းက မြန်မာ့လယ် ယာဖွံ့ဖြိုးရေးဘဏ်အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးနှင့် ဒုတိယအထွေထွေမန်နေဂျာဦးသိန်းထိုက်တို့အား လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအပေါ် ဆွေးနွေး တင်ပြခဲ့သည်။

ထို့နောက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် အထွေထွေမန်နေဂျာ ဦးအောင်ကျော်ဦးနှင့် ဒုတိ ယအထွေထွေ မန်နေဂျာဦးသိန်းထိုက် တို့က မြို့သစ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၏ ရုံးလုပ်ငန်းများ စနစ်တကျရှိစေရေး၊ ငွေကြေးအလွဲသုံးစားမှု ကာကွယ်တားဆီးရေး၊ ၂၀၂၂မိုးချေးငွေ အရှိန်အဟုန်မြှင့် ထုတ်ချေးရေး၊ ကြွေးကျန်(NPL)ကျဆင်းရေး ကိစ္စရပ်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်ဆက်)