သံတောင်ကြီးမြို့နယ်တွင် တိရစ္ဆာန်အစာပင်( နေဗီယာမြက်)သရုပ်ပြစိုက်ပျိုး

သံတောင်ကြီး ဇွန် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနတို့ပူးပေါင်းကာ ယမန်နေ့နံနက်ပိုင်းက စီပင်ကြီးကျေးရွာရှိ တောင်သူဦးထင်အောင်၏ ယာမြေတစ်ဧကတွင် တိရစ္ဆာန်အစာပင် (နေဗီယာမြက်) သရုပ်ပြစိုက်ပျိုးခြင်းကို မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မွေးမြူရေးလုပ်ကိုင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ သရုပ်ပြပွဲတွင် တိရစ္ဆာန်အစားအစာပင် (နေဗီယာမြက်)စိုက်ပျိုးခြင်းဖြင့် တိရစ္ဆာန်များအား လွှတ်ကျောင်းစနစ်မှ အစာကျွေးစနစ်ဖြင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရန် အစာရှားပါးချိန်တွင် အာဟာရကြွယ်ဝသောအစာဖြင့်ကျွေးမွေးရန်၊ ပြည်တွင်း ကျွဲ၊ နွား မွေးမြူရေးလုပ်ငန်းအတွက် အာဟာရဓါတ်မြင့်မားပြီး အထွက်နှုန်းကောင်းသော တိရစ္ဆာန်အစားအစားများ ဖူလုံစွာသုံးစွဲနိုင်ရေးနှင့် နေဗီယာမြက် စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပျိုးပင်များကို အခမဲ့ဖြန်းဖြူးလျက်ရှိကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာကျော်မျိုးသူက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

စောမင်းသား(မြို့နယ်၊ပြန်/ဆက်)