သံတောင်ကြီးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေ

သံတောင်ကြီး ဇွန် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊  ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင် ဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်    သတင်းစကားလက်ကမ်းစာစောင်ကို    ယနေ့နံနက်ပိုင်းက မြို့နယ်ဦးစီးအရာရှိ နော်လော်မူနှင့် ဝန်ထမ်းများက လမ်းဆုံများ၊ လူအသွားအလာများသည့်နေရာများနှင့် ဌာနဆိုင်ရာရုံးများ၊ ကုန်စုံဆိုင်များတွင်  အခမဲ့သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဘက်ပေါင်းစုံမှ တားဆီးနှိမ်နှင်းကာကွယ်လျက်ရှိ၊ အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒ ၊ မဟာဗျူဟာ(၂)ရပ်၊ နည်းဗျူဟာ(၃)ရပ် ၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးများ ၊မူးယစ်ဆေးသုံးစွဲခြင်း၏ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါး အန္တရာယ် ကဗျာ၊ ဆောင်ပုဒ်များ၊ ကာတွန်းများပါဝင်ကြောင်း သိရသည်။

နော်နော်မူ