လှိုင်းဘွဲမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

လှိုင်းဘွဲ ဇွန် ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ရဲတပ်ဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်းတို့ ပူးပေါင်း၍ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် (၃၅) နှစ်မြောက် အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲ () နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း ပန်းဝတ်မှုံခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးစောသော်တာ လင်းသန့်က (၃၅) နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွှဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးသိန်းထွန်းက မူးယစ်ဆေးဝါးသုံး စွဲသူ/ ရောင်းဝယ်သူတို့၏ ကျရောက်နိုင်သည့် ပြစ်မှုပြစ်ဒဏ်များ၊ ဥပဒေများ၊ မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်နေမှု၊ ကလေးငယ်များအနေဖြင့် မူးယစ်ဆေးဝါးများအား ရှောင်ကြည်ရမည်ဖြစ်ကြောင်း အသိပညာပေးဟောပြောခဲ့ သည်။ ထို့နောက် မြို့နယ်မူးယစ် ဆန့်ကျင်ရေးအသင်းဥက္ကဋ္ ဦးဌေးဝင်းက ယနေ့အများဆုံးသုံးစွဲနေသည့် မျိုးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါးကို သုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိုးအစားများကို အသိပညာပေး ဟောပြောကြားပြီး မြို့နယ်မူးယစ်ဆန့်ကျင်ရေးအသင်း ရုံးအဖွဲ့မှူးဦးလင်းခိုင်က စိတ်ကြွရူးသွပ်ဆေးပြား (ခေါ်) WY ဆေးပြားတို့၏ ဆိုးကျိုးများ၊ ကာကွယ်ရမည့်နည်းလမ်းများ၊ ပြန်လည်ထူးထောင်ရေး လုပ်ငန်းများ၊ မူးယစ်ဆေးဝါး အန္တရာယ်တားဆီး ကာကွယ်ရေးနှင့်ပတ်သက်၍ ပြည်သူများပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း သိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်နှင့် ပတ်သက်၍ အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရှိရသည်။

စောဒိ(ပြန်/ဆက်)