ပုသိမ်ကြီး ဇွန် ၂၄
၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် "သတင်းစကား"လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်၁၀ နာရီက ပုသိမ်ကြီးမြို့ အခြေခံပညာ အထက်တန်း ကျောင်းနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်မာအေး ဒုတိယဦးစီးမှူးက ကျောင်းသား/သူများ အသိပညာဗဟုသုတ ရရှိနိုင်စေရန်အတွက် မူးယစ်ဆေးဝါးများအကြောင်း၊ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ရရှိလာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအကြောင်းကို အသိပညာပေးဟောပြောသည်။
အဆိုပါ "သတင်းစကား"လက်ကမ်းစာစောင်တွင် မူးယစ်ဆေးဝါးပြဿနာနှင့် ဖွံ့ဖြိုးတိုးတက်ရေး၊ ဝိုင်းဝန်းကာကွယ်မူးယစ်ဆေးဝါး အန္တရာယ်၊ မူးယစ်ဆေးသုံးစွဲခြင်း၏ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများ၊ ဘက်ပေါင်းစုံမှ တားဆီးနှိမ်နင်းကာကွယ်လျက်ရှိမှုများ၊ အမျိုးသား မူးယစ်ဆေးဝါး ထိန်းချုပ်ရေး မူဝါဒများ၊ မဟာဗျူဟာ ၂ ရပ်နှင့် နည်းဗျူဟာ ၃ ရပ် စသည့် အကြောင်းအရာများ၊ ကဗျာများ၊ ကာတွန်းများဖြင့် အသိပညာပေးဖော်ပြထားကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)