တောင်ကြီးမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများ ကျင်းပ

တောင်ကြီး ဇွန် ၂၄

၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဆေးရောင်ခြယ်၊ စာဖတ်စွမ်းရည်၊ စကားပုံဆက်နှင့် အရုပ်ဆက်ပြိုင်ပွဲများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တောင်ကြီးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး၊ ဦးနိုင်ဝင်းထွန်းက မူးယစ်ဆေးဝါး အန္တရာယ် သိမှတ်ဖွယ်ရာများကို ဟောပြောခဲ့ပြီး ပြိုင်ပွဲများအား ဆက်လက်ကျင်းပရာ အ.လ.က(၇)၊ တောင်ကြီးမှ ကျောင်းသား၊ကျောင်းသူ များက ပြိုင်ပွဲအသီးသီးတွင် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ထို့နောက် ပြုင်ပွဲတွင်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ကြပြီး ပြိုင်ပွဲဝင်ကျောင်းသား၊ကျောင်းသူများအား အမှတ်တရလက်ဆောင်များ ချီးမြှင့်ပေးခဲ့ကြောင်းနှင့် အသိပညာပေးနံရံကပ် စာစောင်အား ပြသခဲ့ကြောင်း ‌သိရသည်။

ဇော်နိုင်လင်း